ကွန်ဟိန်း အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေး Mask (နှာခေါင်းစည်း)များ အခမဲ့ဖြန့်ဝေခြင်းအား ယနေ့ နံနက် (၇)နာရီခွဲ အချိန်ခန့်က မြို့မစျေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စျေးရောင်းသူ၊ စျေးဝယ်သူများ အနေဖြင့် ကာကွယ်ဆေးထိုးနှံပြီးမှသာ စျေးရောင်း၊စျေးဝယ် ဆောင်ရွက်ကြရန်၊ Mask (နှာခေါင်းစည်း)အား မဖြစ်မနေ တပ်ဆင်ကြရန် အသိပညာပေးခဲ့ပြီး Mask (နှာခေါင်းစည်း)များ အခမဲ့ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်ခြင်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေး ဌာန ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်(ကွန်ဟိန်း)