ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အသိပညာပေးTalk Show ဆောင်ရွက်

ဒက္ခိဏသီရိ အောက်တိုဘာ ၂၇

ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ဖြင့် အသိပညာပေးဆွေးနွေးခြင်းကို ဒက္ခိဏခရိုင်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ကြသည်။

အဆိုပါ အသိပညာပေး Talk Show အစီအစဉ်တွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဦးဆန်းကြည်၊ စာရေးဆရာမ ဒေါ်သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)နှင့် ဒေါ်ဝင့်ဝင့်အေး(တရားလွှတ်တော်ရှေ့နေ)တို့က မသန်စွမ်းသူများအတွက် ပြဋ္ဌာန်းပေးထားသည့်ဥပ‌ဒေများ၊ မသန်စွမ်းသူများ အလုပ်အကိုင်ရရှိမှု၊ မြန်မာနိုင်ငံမှာရှိသည့် မသန်စွမ်းသူများ၏ ပညာတတ်မြောက်မှုနှုန်း၊ မသန်စွမ်းသူများ နိုင်ငံရေးနဲ့ပြည်သူ့ရေးရာ နယ်ပယ်တွင် ပါဝင်ဆောင်ရွက်ခွင့်များ စသည်တို့ကို  အကျယ် တဝင့်ဆွေးနွေးကြကြောင်းသိရသည်။

ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)