မော်လမြိုင် အောက်တိုဘာ ၂၀
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲတော်များကို နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိခဲ့ရာ ယနေ့ ဝါလကင်းလွတ် သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်သမယနေ့တွင်လည်း ကိုဗစ်-၁၉ကာလဖြစ်သည်နှင့်အညီ ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြှော်ကြည်ညိုနိုင်ရေးအတွက် ကိုဗစ်-၁၉ကာကွယ်ရေးနည်းလမ်း များဖြင့် ဘုရား၊ ပုထိုးစေတီများ ပြန်လည်ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ သိသာစွာလျော့နည်း ကျဆင်းမှုရှိသော်လည်း ကူးစက်မှုနှုန်း ဟန့်တားထိန်းချုပ်နိုင်ရေးနှင့် ကိုဗစ်-၁၉ကာလပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ကုသိုလ်ယူနိုင်ကြစေရန် ရည်ရွယ်၍ တန်ခိုးကြီးဘုရားများဖြစ်သည့် ကျိုက်သလ္လံစေတီတော်၊ ဦးဇိနစေတီတော်၊ မဟာမြတ်မုနိဘုရားအပါအဝင် အစရှိသည့် ဘုရားစေတီများတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ကာကွယ်ရေး စည်းကမ်းချက်များအညီ ဖွင့်လှစ်ပေးထားပြီးဖြစ်ကာ ရဟန်းရှင်လူ ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ဆီမီးများ ကပ်လှူပူဇော်၍ ကုသိုလ်ဘာဝနာတရား ပွားများနာယူလျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း