ကရသူရိ အောက်တိုဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ရှိ ကျေးရွာ/အုပ်စုတွင်များတွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများအား (Sinovac)ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အသက်(၁၂)နှစ်ပြည့်ပြီး၊ အသက်(၁၈)နှစ် မကျော်သူများကို မိဘအုပ်ထိန်းသူများ၏ သဘောတူညီခွင့်ပြုချက်ဖြင့် ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း နာရီဝက်ကြာစောင့်ကြည့်ပြီးမှသာ ပြန်လည်ထွက်ခွာခွင့် ပြုကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် တိုက်နယ်တာဝန်ခံ ဆရာဝန်ဒေါက်တာကျော်လင်းထွန်း ဦးစီး၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု/ အုပ်ချုပ်ရေးမှူတို့ လိုက်ပါပြီး ကျေးရွာ/ အုပ်စုများရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခြင်းဖြစ်ရာ ကော့ဗမာ ကျေးရွာအုပ်စု၊ ကျောက်ထနောင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူ(၇၁)ဦးနှင့် မသေကျေးရွာအုပ်စု၊ ဟန်ကဒိုင်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား/ သူ(၂၁)ဦးတို့ကို့ ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အေးအေးသန်း