ကော့ကရိတ် ဇွန် ၂၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ပြည်သူများအနေဖြင့် ကိုဗစ် - ၁၉ရောဂါ ကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုသည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့တို့ပူးပေါင်း၍ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာ ပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က အမှတ် (၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲမှူး ဌေးဆွေနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲစု (၇၁)မှ ဒုတိယရဲမှူး အောင်ကိုဦးနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဖြိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဦးရဲရင့်နှင့် ဝန်ထမ်းများ၊ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်း တပ်ခွဲမှူး ဦးအောင်နိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ အမှတ် (၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့မိ မြို့ဖတို့ ပူးပေါင်း၍ လူစည်ကားရာ နေရာဖြစ်သော အမှတ် (၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဆုံ၌ လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေခြင်းနှင့် ကျန်းမာရေးနှင့် အားကဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန်/ဆက်)