ဝါးခယ်မမြို့နယ် ကျုံမငေးမြို့တွင် လိုအပ်လျက်ရှိသော အမှိုက်စွန့်ပစ်ကန်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်

ဝါးခယ်မ   ဇွန်  ၂၃

ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင် ၊ ဝါးခယ်မမြို့နယ် ၊ ကျုံမငေးမြို့ သန့်ရှင်းသာယာလှပ‌ရေးအတွက် လိုအပ်လျက်ရှိသော အမှိုက်စွန့်ပစ်ကန်တူးခြင်းလုပ်ငန်းများကို ဆောင်ရွက်‌လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို ဝါးခယ်မမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ပြီး ကျုံမငေးမြို့ အမှိုက်စွန့်ပစ်ရန် မြေအကျယ်အဝန်း(၄.ဝ၉၂)စတုရန်းပေ ဝယ်ယူ၍ အမှိုက်ကွင်းမြေဧရိယာ တာပတ်ခြင်းလုပ်ငန်းများ‌ ဆောင်ရွက်ခြင်း  ၊ ၎င်း‌မြေပေါ်တွင်  ၁ဧကခန့်ရှိသော အမှိုက် စွန့်ပစ်ကန်တူးခြင်း လုပ်ငန်းများနှင့် အဝင်/အထွက်လမ်းများ ဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်းများအားလုံး‌ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းကို မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ  ဦး‌အောင်စိုးထံမှ သိရသည်။

စောသန္တာဦး(ပြန်/ဆက်)