ပန်းတနော် ဇွန် ၂၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ပန်းတနော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ (၂၀၂၀-၂၀၂၁)ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ရေးပေးရေးလုပ်ငန်းများအား ကျေးရွာကော်မတီများထံသို့ လုပ်ငန်းလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပန်းတနော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မအူပင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်စိုးစိုးမြင့်က တက်ရောက်လာကြသည့် ကျေးရွာကော်မတီဝင်များအား ရေးပေးရေးလုပ်ငန်း လွှဲပြောင်းပေးအပ် ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင်က ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာကော်မတီဝင်များထံသို့ ၂၀၂၀- ၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (မူလ/မွမ်းမံ)ရန်ပုံငွေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးလက်ရေရရှိရေးလုပ်ငန်းများအား စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျေးရွာရေးပေးရေးကော်မတီဝင်များကို Operation and Maintanance Procedure ရန်ပုံငွေကောက်ခံခြင်း၊ စုဆောင်းထိန်းသိမ်းခြင်း လုပ်ငန်းစဉ် များကို သင်ကြားပို့ချပေးခဲ့သည်။
ပန်းတနော်မြို့နယ်တွင် မူလခွင့်ပြုငွေဖြင့် လက်ပန်ကုန်းကျေးရွာနှင့် သပြုချောင်း ကျေးရွာတို့တွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများကို (၂၅.၈၂)သန်းဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး မွမ်းမံရန်ပုံငွေ(၂.၄၈)သန်းဖြင့် ပျဥ်မချောင်းကျေးရွာ တွင် အင်ဂျင်နှင့် အုတ်ရေကန်ပြုပြင်ခြင်း၊ ဆင်လမ်းကြီးကျေးရွာတွင် အုတ်ရေကန် ပြုလုပ်ခြင်း၊ မဿမံကုန်းစုကျေးရွာတွင် ရေစက်ပြုပြင်ခြင်း၊ တာပါတ်ကလေးကျေးရွာတွင် ရေစုပ်ပန့် လဲလှယ်ခြင်းနှင့် အင်ဂျင်ပြုပြင်ခြင်း၊ ကြံတောစုကျေးရွာတွင် ရေစက်ရုံပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)