ထားဝယ် ဇွန် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် အညာဖျား ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ မူဝါဒများ ချမှတ်သည့်နေရာတွင် ရေအားလျှပ်စစ်၊ နေအားလျှပ်စစ်၊ သဘာဝဖြည့် စွမ်းအင်ပေါ်မှာ မူတည်၍ ထုတ်နုတ်ပြီး လျှပ်စစ်စွမ်းအင်ကို အသုံးပြုရန်၊ လောင်စာနှင့်ပြုလုပ်သော ကန့်သတ် အရာများကို ခွင့်မပြုရန် စသည့်အရာများကို ပိတ်ပင်ထားကြောင်း ရေအားလျှပ်စစ်ပေါ် မူတည်ပြီး ဆောင်ရွက် ပေးမှာဖြစ်သည့်အတွက် မြန်မြန်ဆောင်ရွက်စေချင်ကြောင်း၊ ကုမ္ပဏီများအနေဖြင့် ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြပေးစေလိုကြောင်း ပြောကြား သည်။
ထို့နောက် သဘာဝစွမ်းအင်လှိုင် ကုမ္ပဏီလီမိတတ်မှ တာဝန်ရှိသူများက အညာဖျားရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိ အခြေအနေများကို ရှင်းလင်းတင်ပြရာ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးပြီး တနင်္သာရီတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။