သတင်းများ

ကန့်ဘလူမြို့နယ်၌ အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေး
Oct 31,2021
 တစ်နိုင်ငံလုံးတွင် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် ယာယီ ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအား ရောဂါကူးစက်မှုလျော့ကျ လာသည် ဖြစ်ရာ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားသင်ယူနိုင်ရန် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နိုဝင်ဘာ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်မည်ဖြစ်၍  စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်တွင် အောက်တိုဘာ ၃၀ ရက်မွန်း လွဲ ၂ နာရီခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျောင်းများဖွင့်လှစ်နိုင်ရေးနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ သင်ကြားပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပိုးသတ် ဆေးဖျန်း
Oct 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အခြေခံပညာကျောင်းများအားလုံး ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်ရာ ကိုဗစ် -၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရန်နှင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ယနေ့နံနက်ပိုင်းက ပိုးသတ်ဆေးဖျန်းခြင်းကို ပြုလုပ်ဆောင်ရွက်သည်။
ကျိုက်မရောမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပေးအပ်ပွဲ ကျင်းပ
Oct 31,2021
ကျိုက်မရောမြို့နယ်၌   လူဝင်မှုကြီးကြပ်ရေးနှင့်     ပြည်သူ့အင်အားဝန်ကြီးဌာန   ၊   မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အရပြုလုပ်ပေးသည့်    နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းပေးအပ်ပွဲအခမ်းအနားကို  ယမန်နေ့နံနက်၁၀နာရီက  နိတုန်ကျေးရွာဓမ္မာရုံ၌ ပြုလုပ် သည်။
ရသေ့တောင်မြို့၌ သာသနာတော်ဆိုင်ရာ မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရရှိသည့် ဘဒ္ဒန္တသောမာစာရ ဆရာတော်ကြီးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်သည့် ဂုဏဝိသိဌပူဇာပွဲပြုလုပ်
Oct 31,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ နိုင်ငံတော်မှဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ မဟာဂန္ထဝါ စကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရရှိသည့် သိရီသောမာရုံကျောင်းတိုက်၊ ပဓာနာယကဆရာတော် ဘဒ္ဒန္တ သောမာစာရ ဆရာတော်ကြီးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်သည့် ဂုဏဝိသိဌပူဇာပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များ၊ အလှူရှင်များတက်ရောက်ကြသည်။
တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ်ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Oct 31,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအား တတိယအသုတ်ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း  နဝရတ်ခန်းမနှင့်စုရပ်(၃)နေရာအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းယန်းမြို့တွင် ကိုဗစ်အတည်ပြုလူနာများ ပြန်လည်ကျန်းမာလာ၍ နေအိမ်သို့ ပြန်လည်စေလွတ်သူ(၁၁၃)ဦးထိရှိလာပြီဖြစ်
Oct 31,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေ သော ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦးသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ယနေ့ နံနက်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း ကျောက်ဖြူမြို့၊ ပြည်နယ်တွင်း ဖိတ်ခေါ် ဂေါက်သီးရိုက်ပြိုင်ပွဲ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်
Oct 31,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် နဒီသောင်ယံဂေါက်ကလပ်အဖွဲ့မှ ကြီးမှူးကျင်းပသည့် ပြည်နယ်တွင်း ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် ၆ နာရီက အစိုးရရပ်ကွက်ရှိ နဒီသောင်ယံဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယဥပဒေချုပ်၊အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အား/ကာဦးစီးမှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများတက်ရောက် ခဲ့ကြ ပြီး အခမ်းအနားအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းမှဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ရမ်းဗြဲမြို့နယ်ရှိ မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ကွက် (၁၁၀)ဧကအား ကွင်းဆင်းကြည့်ရှု
Oct 31,2021
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေး မှူးနှင့် ပြည်နယ်ဦးစီးမှူးများနှင့်ခရိုင်/မြို့နယ်တာဝန်ရှိသူများ ယမန်နေ့၊ ညနေ(၄) နာရီ အချိန်က ရမ်းဗြဲမြို့၊ ရွေကျေးရွာရှိ မိုးရာသီ၌ မျိုးစေ့ထုတ်စံပြစိုက်ကွက် (၁၁၀)ဧကစိုက်ပျိုးထား ရှိမှုအား ကြည့်ရှုခဲ့သည်။