သတင်းများ

ရွာငံမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ
Jun 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိ ပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် ပြည်သူလူထုနှင့် ကျောင်းသား/သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး Mask Campaign ပြုလုပ်
Jun 23,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ကိုဗစ်-၁၉ ရောဂါဖြစ်ပွါးနေမှုကို ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက်မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များ အားလုံးမှ စုပေါင်းကာယနေ့ နံနက် ၇ နာရီမှစတင်ပြီးစျေးများနှင့် လူစည်ကားရာနေရာတို့တွင် Mask Campaign ပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် Physicsl Fitness Dance ပြိုင်ပွဲကျင်းပ
Jun 23,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ကာယကြံ့ခိုင်မှု လေ့ကျင့်ရေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် Physical Fitness Dance ပြိုင်ပွဲအား ကိုဗစ်-၁၉  စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့သည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကြည့်ရှုအားပေး
Jun 23,2021
 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက်၉ နာရီ ခွဲ အချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (ထက်/လယ်/မူ)ဆင့် စာစီစာကုံး၊ကဗျာ၊ ပန်းချီပြိုင်ပွဲ ဝင်နေသည့် ကျောင်းသားကျောင်းသူများအား ကြည့်ရှုအားပေးခဲ့သည်။ 
စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်
Jun 23,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့တွင်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအကာ အကွယ်ပေးရေး ဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယနေ့နေ့လည်(၁)နာရီ အချိန်ကတောင်ပိုင်း အခြေခံပညာမူလတန်း (လွန်)ကျောင်း၌ကိုဗစ်(၁၉) ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီပြု လုပ်သည်။ 
နမ့်စန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်
Jun 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဦးစီး ကော်မတီ ၏ ဦးဆောင်ညွှန်ကြားမှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက် ၇ နာရီ မှစတင်၍ ခိုလမ်-နမ့်စန် မြို့ဝင်ဘက်ရှိ အမှတ်(၂)ရပ်ကွက် စစ်ဆေးရေး ဂိတ်တွင်မြို့တွင်းသို့ ဖြတ်သန်းသွားလာနေသော ခရီးသွားပြည်သူများကို ကိုယ်အပူချိန်တိုင်းတာခြင်း ၊ ကျန်းမာရေးစစ်ဆေးခြင်း နှင့် စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
သုံးခွမြို့နယ်၊ ပျဉ်းမကန်ကျေးရွာတွင် ငှက်ဖျားပိုးတွေ့ရှိသူနှင့် ထိစပ်သူများအား သွေးဖောက်စစ်ဆေးခြင်း    သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းဆောင်ရွက်
Jun 23,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပျဉ်းမကန်ကျေးရွာတွင် ငှက်ဖျားပိုးတွေ့ရှိသူနှင့် ထိစပ်သူများအား သွေးဖောက်စစ်ဆေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး၊ အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းကို ယမန်နေ့ ညနေ ၂နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။
ပိုင်ကျုံ​မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 23,2021
၂၀၂၁ ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်  ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းစကား လက်ကမ်းစာစောင်များကို  ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများရှိ ကျောင်းသား ကျောင်းသူများထံသို့   သွားရောက်၍ အခမဲ့ ဖြန့်ဝေခဲ့သည်။