ငဖဲ ဇွန် ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းနှင့် ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းက ငဖဲမြို့အခြေခံပညာ အထက်တန်းကျောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်နှင့်လူစည်ကားသောနေရာများတွင် အခမဲ့ဖြန့်ဝေပေး ခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မုံရွာဝင်းဖေ ရေးသားသော ကမ္ဘာ့ရန်သူဘိန်းဖြူ (ကဗျာ)၊ မူးယစ်ဆေးဝါးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါး ပြဿနာကိုဖြေရှင်းခြင်း(၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ထံမှပေးပို့သည့်သဝဏ်လွှာကောက်နုတ်ချက်)၊ မူးယစ် ဆေးဝါးပညာပေးရုပ်ပြ၊ ဓါတ်ပုံနှင့်ဆောင်ပုဒ်များ ပါဝင်သော သတင်းစကားလက်ကမ်း စာစောင်များကို မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများ၊ဆရာ/ဆရာမများ၊ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ လာရောက် ထုတ်ယူသည့်ပြည်သူများနှင့် ပင်စင်ထုတ်ယူရန်လာရောက် သည့်ပြည်သူများကို မြို့နယ်ရုံး ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)