မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဖူဆယ်၊ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ဘိုကလေး ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အားကစားခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၏ ၂၀၂၁-ခုနှစ် မြို့နယ်အားကစားဖွံဖြိုးတိုးတက်ရေး အစီအစဉ်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားပြီး အားကစားသမားများမှ အသီးသီးနေရာယူကာ အားကစားသစ္စာ အဓိဌာန်ရွတ်ဆို၍ ကျင်းပဆောင်ရွက်ကြကြောင်းနှင့် အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖျာပုံခရိုင်အာကစားနှင့်ကာယပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦးနှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ကြသည်။

အဆိုပါပြိုင်ပွဲအား ယနေ့မှစတင်၍ ယှဉ်ပြိုင်ကြပြီး ဇွန်(၂၆)ရက်နေ့တွင် ဆုချီးမြှင့်ပေးအပ် သွားမည်ဖြစ်ရာ ဖူဆယ်ဘောလုံးအသင်း(၆)သင်း၊ ပိုက်ကျော်ခြင်း အသင်း(၄)သင်းနှင့် ရိုးရာခြင်းလုံး အသင်း (၄)သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)