အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

နောင်ချို    ဇွန်    ၂၄

၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ဇွန်လ ၂၃ ရက်နေ့နှင့် ၂၄ ရက် နေ့များတွင် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ စာသင်ကျောင်းများရှိ ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ လက်ဝယ်အရောက်သွားရောက်ဖြန့်ဝေ ပေးခဲ့ကြသည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းအရင်း၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်အချက်များ၊ မူးယစ်ဆေးဝါး ပြဿနာ ကိုဖြေရှင်းခြင်း၊ မုံရွာဝင်းဖေရေးသားသော ကမ္ဘာ့ရန်သူ ဘိန်းဖြူ(ကဗျာ)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ အသိပညာပေး ကာတွန်းများပါဝင်ကြောင်း သိရသည်။

ထွေးငယ်  (ပြန်/ဆက်)