ဘီးလင်းမြို့နယ်တွင် မူးယစ်ဆေးဝါးအသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

 

 

ဘီးလင်း ဇွန် ၂၄

 

 

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများဖြစ် သော  စာသင်ကျောင်းများ၊  ကားဂိတ်နှင့် ဌာနဆိုင်ရာများတွင် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများက လိုက်လံဖြန့်ဝေခဲ့ကြသည်။

 

 

 

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး ပြဿနာများ ကိုဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါး အန္တရာယ်ရှောင်ကြဉ်ဖွယ်၊ကမ္ဘာ့ရန်သူ ဘိန်းဖြူကဗျာနှင့် မူးယစ်ပညာပေး ကာတွန်းတို့ ကို စိတ်ဝင်စားဖွယ်ထည့်သွင်း ဖော်ပြထားကြောင်း သိရှိရသည်။

 

 

ထူးနောင်