စစ်ကိုင်း ဇွန် ၂၄
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ခရိုင်မူးယစ်ဆန့်ကျင်ရေးအသင်းတို့ ပူးပေါင်း၍ ပြည်သူများအသိပညာ ဗဟုသတများရရှိနိုင်စေရန် ယမန်နေ့၊ မွန်းလွဲ(၃)နာရီက စစ်ကိုင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ (TALK SHOW) အစီအစဉ်ဖြင့် ပြုလုပ်ဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
(TALK SHOW) အစီအစဉ် ပြုလုပ်ဆောင်ရွက်ရာတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဟန်မျိုးကျော်နှင့် မြန်မာနိုင်ငံမူးယစ်ဆန့်ကျင်ရေးအသင်း၊ စစ်ကိုင်းခရိုင်ဥက္ကဌ ဦးကြည်ညွန့်တို့က ဦးဆောင်ပြုလုပ် ဆွေးနွေးခဲ့ကြပြီး မူးယစ်ဆေးဝါး သုံးစွဲရာတွင် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ရှောင်ရန်/ဆောင်ရန်များ ကို အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားရရှိနိုင်စေရန် (Talk Show)များ ပြုလုပ်ဆောင်ရွက်ခြင်း၊ စာဖတ်ဝိုင်းများ ဆောင် ရွက်ဖြင်း၊ စာဖတ်အစီအစဉ်များ ဆောင်ရွက်ခြင်း၊ ပုံပြောအစီအစဉ်နှင့် ပြည်သူ့စာကြည့်မှ စာအုပ်များ စည်းကမ်းချက်နှင့်အညီ အခမဲ့ငှားရမ်းခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေး လျက်ရှိ ကြောင်း သိရသည်။
ဇော်မြင့်နိုင်