မိုင်းခတ်၌ စာဖတ်ဝိုင်း ဆောင်ရွက်

မိုင်းခတ်  ဇွန်  ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ရုံးဝန်ထမ်းများ စာပေအသိပညာ ဗဟုသုတများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ စာရေးဆရာ မင်းသန်းထိုက်(ဒေးဒရဲ) ရေးသားသည့် “စိတ်ပြင်ခြင်း အနုပညာ” စာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်းကို ယနေ့  နံနက် နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြား‌​ရေးနှင့်ပြည်သူ့ဆက်ဆံ‌​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး‌​​ဒေါ်နန်းနွယ်နီ‌​​အောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး စာအုပ်ပါ အချက်အလက်များကို ဦးဆောင်ဆွေးနွေးသည်။

ထို့နောက် စာကြည့်တိုက်မှူး ဒေါ်နန်းခင်ညွန့်၊ ဓာတ်ပုံကျွမ်းကျင် ဦးမိုးဒေ၊ ရုပ်သံကျွမ်းကျင် ဒေါ်နန်းနွယ်နီဝင်းတို့က စာရေးဆရာ မင်းသန်းထိုက်(ဒေးဒရဲ) ရေးသားသည့် “စိတ်ပြင်ခြင်းအနုပညာ” စာအုပ်မှ ခုထိပျော်ကောင်းတုန်းလား၊ စိတ်ပြင်ခြင်းအနုပညာ၊ အလုပ်ကို ဘယ်လိုလုပ်ကြဖို့လိုမလဲနှင့် အမှိုက်များစသည့် ခေါင်းစဉ်များဖြင့် အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်