ရွာငံမြို့နယ်၌ မော်တော်ဆိုင်ကယ်အခြေခံပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်
Jun 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ယကြီးကျေးရွာအုပ်စု၊ ယကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ် အခြေခံပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။