မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် မူးယစ်အသိပညာပေး ဟောပြောပွဲပြုလုပ်

မြောက်ဥက္ကလာပ ဇွန် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၁ခုနှစ် ဇွန်လ (၂၆)ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင်မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြမြဝင်းက ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါး၏ ဆိုးကျိုး အန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါးများအကြောင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)