ပေါက်ခေါင်းမြို့အတွင်း ရောင်းချလျက်ရှိသော စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ချက်များနှင့် ရောင်းချနိုင်ရေးစစ်ဆေးဆောင်ရွက်

ပေါက်ခေါင်း   ဇွန်   ၂၄

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကြိုတင် ကာကွယ်သည့်အနေဖြင့် အပြင်ထွက်သည့်အခါတိုင်း Mask မဖြစ်မနေတပ်ဆင်သွားလာရေး Mask Campaign ကို မြို့မဈေးနှင့် လူစည်ကားသည့်နေရာများတွင် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါအသိပညာပေးဆောင်ရွက်နေမှုများအပြင် ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့အတွင်း ရောင်းချနေသော စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ချက် စည်းကမ်းများနှင့်အညီ ရောင်းချနိုင်ရေးအတွက် အသိပေးဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်နှင့် အခြားအဖွဲ့အစည်းများ ပူးပေါင်းပါဝင်သောအဖွဲ့များက မြို့ပေါ် ရပ်ကွက်(၅) ရပ်ကွက်ရှိ စားသောက်ဆိုင်များကို သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်