ချောင်းသာမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေ

ချောင်းသာ   ဇွန်    ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်) မှ ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက် ၈ နာရီတွင် အထကကျောင်း၊ ရွှေသာယာမြို့မစျေးနှင့် လူစည်ကားရာနေရာများ၌   ဖြန့်ဝေပေးခဲ့ ကြသည်။

ပြည်ထဲရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်မှ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့  အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ မူးယစ်ဆေးစွဲသူဖေးမကူ၊ အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့ ဟူသည့် ကောက်နှုတ်ချက်များနှင့် မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါးအန္တရယ်ရှောင်ကြဉ်ဖွယ်၊ ကဗျာဆရာ မုံရွာဝင်းဖေ ရေးသားထားသည့် ကမ္ဘာ့ရန်သူ ဘိန်းဖြူကဗျာ နှင့် ကာတွန်းများကို ဝေဝေဆာဆာ ဖော်ပြထားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြသည်။

ချောင်းသာ(ပြန်/ဆက်)