ကျောက်တံတား ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် ပညာ့အလင်းခေတ်မီ စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀:၀၀ အချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ”တားဆီးကာကွယ်မူးယစ်ဆေးဝါး အန္တရာယ်” အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို ကျောက်တံတားမြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာမကြီး ညွန့်ညွန့်(ကလော) နှင့် ကျောက်တံတားမြို့နယ် မြို့နယ်ဦးစီးမှူးတို့က ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲတွင် မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးကို ရှောင်ရှားရမည့် နည်းလမ်းများ၊ မူးယစ်ဆေးဝါးကို ပြည်သူများ အားလုံးပူးပေါင်းတားဆီးကာကွယ်ရန် လိုအပ်ပုံ၊ မူးယစ်သားကောင်ဘဝကို လူငယ်များ မရောက်ရအောင် ကြိုတင်ကာကွယ်ရမည့် အချက်များ စသည့်အကြောင်းအရာများကို အသေးစိတ် ဆွေးနွေးပြောကြားပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ Talk Show ကို ကျောက်တံတားမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook page တွင်ဇွန်လ (၂၅)ရက်နေ့တွင် အများပြည်သူများ ဗဟုသုတရရှိစေရန် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။