သင်္ဃန်းကျွန်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးနံရံကပ်ဘုတ်ပြသ

ရန်ကုန်  ဇွန် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အ.ထ.က(သုဝဏ္ဏ)ကျောင်း၌  ဇွန်လ ၂၆ ရက်နေ့တွင်ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေး နံရံကပ်ဘုတ်ပြသခြင်းနှင့် ဟောပြောခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ကြသည်။

ရှေးဦးစွာ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်းအသိပညာပေးဟောပြောပြီး ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ကျောင်းသား/သူများထံ ဖြန့်ဝေပေးခဲ့ကြသည်။

ထို့နောက် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်၊ မူးယစ်ဆေး သုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးကြောင့် ထိခိုက်မှုဖြစ်ပွားနိုင်သည့် စိတ်ပိုင်းဆိုင်ရာ အခြေအနေများစသည့် အသိပညာပေးစာသား၊ ရုပ်ပုံများပါဝင်သည့် နံရံကပ်ဘုတ်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုကြကြောင်း သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)