ကောလင်းမြို့၌ စာဖတ်ဝိုင်းကျင်းပ
Jun 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဝန်ထမ်းများအနေဖြင့် စာဖတ်သည့်အလေ့အထများရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်စေရန်၊ အလေ့အကျင့်ကောင်းများ၊ စာပေဗဟု သုတများ ရရှိစေရန်ရည်ရွယ်ပြီး စာရေးဆရာ ဇင်မင်းစိုး(ဗိုလ်ကလေး) ရေးသားသည့် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည့် "စည်းကမ်းဟူသည် လူ့တန်ဖိုး" ဆောင်းပါးကို ယနေ့ နံနက်ပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။