မြို့နယ်အားကစားနှင့်ကာယ ပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အသက်(၁၇) နှစ်အောက် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ ကျင်းပ

ပန်းတနော်  ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ အားကစားဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်(TSDP) အရ ကျင်းပပြုလုပ်သော မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် အသက်(၁၇) နှစ်အောက် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆုပေးပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်၊ ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ မှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလားပြိုင်ပွဲတွင် အသက် (၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း (၆) သင်းနှင့် အသက်(၁၇) နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးအသင်း (၅)သင်းတို့ပါဝင်ယှဥ်ပြိုင်ခဲ့ရာ အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ပထမဆုအား 7 Star အသင်း၊ ဒုတိယဆု Baby Fighter အသင်း၊ တတိယဆု Shwe Ba အသင်း၊ အမျိုးသားဖူဆယ်ဘောလုံး ပြိုင်ပွဲတွင် ပထမဆုအား JKL အသင်း၊ ဒုတိယဆု East(B)၊တတိယဆု စေတံ(Fc) အသင်းတို့ ရရှိခဲ့ကြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)