သတင်းများ

စလင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 24,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရှိ ပတ္တမြားခန်းမ၍ ကျင်းပပြုလုပ်ခဲ့သည်။
ပုဇွန်တောင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် "အသက်နှစ်ဆယ်အရွယ်များသို့" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Jun 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ စာပေဖတ် ရူ့ခြင်းဖြင့် အသိဉာဏ်ပညာနှင့် ဗဟုသုတများ တိုးတက်စေရန် ရည်ရွယ်၍ ယနေ့ နံနက်၉နာရီ အချိန်က Community Centre ခန်းမတွင်ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်။
ချောင်းဆုံ၌ တောင်သူများအား မိုးစပါးချေးငွေဆက်လက်ထုတ်ချေးလျက်ရှိ
Jun 24,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှတောင်သူကြီးများအား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေး ပေးလျက်ရှိရာ ယနေ့ နံနက် ကဒေါင်းဥ ကျေးရွာ ရှိတောင်သူ(၄၂)ဦးအား အဆိုပါဘဏ်ခွဲတွင် ချေးငွေထုတ်ပေးခဲ့ကြောင်းသိရသည်။
ထန်းတပင်မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ပရိသတ်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Jun 24,2021
စာပေအသိ၊ စာပေတန်ဖိုး၊ လူမှုဘဝမြင့်မားရေးနှင့် အသိပညာဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် စာပေကိုချစ်မြတ်နိုးသူ စာဖတ်ပရိသတ်များစုပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့တွင် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 24,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက မူးယစ်ဆေးဝါးနှင့် ပတ်သက်သော အကြောင်းအရာများကို အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ နိုင်စေရေးအတွက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စျေးရောင်းချနေခြင်းများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jun 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ စျေး၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များတွင် ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ စျေးရောင်းချနေခြင်းများရှိ/မရှိကို ယနေ့ နံနက် ၆ နာရီခွဲအချိန်မှစ၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
လေရှီးမြို့နယ်တွင် Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအနေဖြင့် Mask Comping အသိပညာပေးခြင်းဆောင်ရွက်
Jun 24,2021
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် Covid - 19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်​ပေါ်စေရေး အထူးဂရုပြု ဆောင်ရွက်လျက်ရှိရာ ရောဂါကြိုတင် ကာကွယ် ရေးအနေဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့လမ်းဆုံ၌ ယနေ့နံနက်(၉)နာရီ အချိန်က စတင်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်မြင်နှင့် မြို့နယ်ကျန်းမာရေး ဆရာဝန်ဒေါက်တာနေအောင်စိုးတို့ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာ များပူးပေါင်း၍ Mask Campaign အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပ
Jun 24,2021
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက ဘားအံမြို့ အောင်သံလွင် အားကစားကွင်း၌ ကျင်းပခဲ့သည်။