လေရှီး ဇွန် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် Covid - 19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အထူးဂရုပြု ဆောင်ရွက်လျက်ရှိရာ ရောဂါကြိုတင် ကာကွယ် ရေးအနေဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့လမ်းဆုံ၌ ယနေ့နံနက်(၉)နာရီ အချိန်က စတင်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်မြင်နှင့် မြို့နယ်ကျန်းမာရေး ဆရာဝန်ဒေါက်တာနေအောင်စိုးတို့ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာ များပူးပေါင်း၍ Mask Campaign အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် အပြင်ထွက်ပါက mask များမဖြစ်မနေ တပ်ဆင်ပြီးမှ အပြင်ထွက်ကြရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး Mask တပ်ဆင်ခြင်းမရှိဘဲသွားလာနေသူများအား Mask တပ်ဆင်ပေးခြင်း၊ လက်ကိုလက်သန့်ဆေးဖြင့် သန့်စင်အောင်ဆေးကြောစေခြင်း၊ မိမိတို့ကျန်းမာရေးကိုလည်း အထူဂရုပြုနေထိုင်ကြရန်စသည့် ကျန်းမာရေးသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Mask Campaign အသိပညာပေးခြင်းနှင့်စပ်လျဉ်း၍ ဇွန်လ (၂၄)ရက်နေ့မှ(၃၀)ရက်နေ့ အထိပညာ ပေးကာလအဖြစ်သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပညာပေးကာလ ကျော်လွန်ပါက Maskတစ်ခုလျှင်(၁၀၀၀)ကျပ်ဖြင့် ဒဏ်ငွေအဖြစ်သတ်မှတ်ကာဝယ်ယူတပ်ဆင် စေမည် ဖြစ်ကြောင်းသတင်းရရှိသည်။
ဆုင်းသား