လှိုင်းဘွဲမြို့နယ်တွင် MASK CAMPAIGN ဆောင်ရွက်

လှိုင်းဘွဲ ဇွန် ၂၅

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု  ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများအပြင်သွားရာတွင် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး Mask campaign ဆောင်ရွက်ခြင်းကို    ယနေ့နံနက်ပိုင်းက စည်ပင်သာယာမြို့မဈေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။         

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကော်စီဥက္ကဋ္ဌ ဦးဝင်းသန်းနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် မူးယစ်ဆန့်ကျင်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့တို့က စည်ပင်သာယာမြို့မဈေးနှင့် လူစည်ကားရာ နေရာများတွင် ပြည်သူများ အပြင်သွားရာတွင် မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ကြခြင်း၊ မိမိအိမ်တွင် အတတ်နိုင်ဆုံး နေထိုင်ကြရန်၊ လူစုလူဝေး ရှောင်ကြဉ်ခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်များနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ပြီး ပြည်သူ့များ အပြင်သွားရာတွင် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိသူများအား Mask အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)