မက်မန်း ဇွန် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် ၂၀၂၁ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မက်မန်းခရိုင်ရုံး ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း (အထကမက်မန်း)၌ ယမန်နေ့ နေ့လယ်ပိုင်းတွင် သွားရောက် ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် အနာဂတ်ကျောင်းသား ကျောင်းသူများ အနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်များကို သိရှိစေလိုပြီး မူးယစ်နှင့်ပတ်သက်သည့် အန္တရာယ်အားလုံးကို ကြိုတင်ရှောင်ရှားနိုင်စေရန် လည်းကောင်း၊ မူးယစ်သားကောင်မဖြစ်စေရေးနှင့်ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ စသည့် အသိပညာများကို ရရှိစေရန် မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူ ဖေးမကူ စသည့်ခေါင်းစဉ်များ ပါဝင်ကြောင်း သိရသည်။
မက်မန်း(ပြန်/ဆက်)