ဝါးခယ်မမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာအန္တရာယ်ကင်းအသံမစဲ မဟာပဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲနှင့် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ ကျင်းပ

ဝါးခယ်မ   ဇွန်  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ နယုန်လပြည့်‌ မဟာသမယအခါတော်နေ့တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူးကျင်းပပြုလုပ်သော မြို့နယ်လုံးဆိုင်ရာ အန္တရာယ်ကင်း အသံမစဲမဟာပဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲနှင့် ဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်၅နာရီခွဲအချိန်က ဝါးခယ်မမြို့ သာသနာ့ဗိမာန်တော်ကြီး တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

အဆိုပါအခမ်းအနားတွင် သံဃာတော်များမှ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်‌ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထား သူများမှ သံဃာတော်များကိုဝါဆိုသင်္ကန်းများ၊ အာရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ အချိုရည်များ ဆပ်ကပ်လှူဒါန်းခဲ့သည်။ နယုန်လပြည့်‌ မဟာသမယအခါတော်နေ့တွင် ကျင်းပ‌ပြုလုပ်သော မြို့နယ်လုံးဆိုင်ရာ အန္တရာယ်ကင်း အသံမစဲမဟာပဌာန်းမြတ်ရွတ်ဖတ် ပူဇော်ပွဲကို ယမန်နေ့နံနက်၆နာရီမှ စတင်၍ ယနေ့ညနေ ၆နာရီ အထိ ရွတ်ဖတ်ပူဇော်သွားမည် ဖြစ်ကြောင်း သိရသည်။

စောသန္တာဦး(ပြန်/ဆက်)