မိုးကောင်းမြို့နယ်အ‌ခြေခံပညာကျောင်းများသို့ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြော

မိုးကောင်း ဇွန် ၂၅

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြားချက်အရ ကျောင်းကျန်းမာရေးအဖွဲ့မှ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကျောင်းများသို့ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီရှိစေရေး စစ်ဆေးပြီး Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာစည်သူနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးနိုင်လင်းအောင်နှင့် ဦးမျိုးဝင်းတို့သည် မြို့နယ်ပညာရေးမှူးဒေါ်နွယ်နွယ်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်းထမ်းများလိုက်ပါလျက် မြို့နယ်အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးပြောပြီး သက်ဆိုင်ရာဆရာ/ဆရာမများအား ကျောင်းသား/သူများအတွက် နှာခေါင်းစည်း Mask နှင့် Hand Gel များကိုပေးအပ်ခဲ့ပါကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)