မိုးနဲ ဇွန် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနက ဇွန်လ ၂၆ ရက်နေ့တွင်ရောက်ရှိမည့်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှု နှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုသောအားဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ အန္တရာယ်အကြောင်း ဟောပြောပွဲနှင့် နံရံကပ် စာစောင်များပြသခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်မြေရပ်ကွက် မြို့မအခြေခံ ပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးမျိုးညွန့်ရွှေက ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကျော်လင်းဦး ကမူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာပြစ်မှုနှင့်ပြစ်ဒဏ်များ ၊မူးယစ်ဆေးဝါးဆိုင်ရာ ဆိုးကျိုးများကိုလည်းကောင်း ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းစာကြည့်တိုက် အတွက်သုတ/ရသစာအုပ်များကို မြို့နယ် အုပ်ချုပ်ရေးမှူးက ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော မူးယစ် ဆေးဝါးဆိုင်ရာသိမှတ်ဖွယ်ရာအကြောင်းအရာများ၊ သက်ငယ်မုဒိမ်းမှုဆိုင်ရာ သိမှတ်ဖွယ်ရာ အကြောင်းအရာပိုစတာများကို ကျောင်းသူ/ကျောင်းသားများက စိတ်ဝင်စားစွာ ကြည့်ရှု ခဲ့ကြောင်းသိရသည်။အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်းများကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)