သတင်းများ

မိုးညှင်းမြို့နယ်တွင် တောင်သူလယ်သမားများသို့ ၂၀၂၁ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
Jun 25,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများသို့ ၂၀၂၁ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို မေလ(၂၆)ရက်နေ့မှ စတင်ထုတ်ချေးခဲ့ရာ ဇွန်လ(၂၃)ရက်နေ့အထိ ကျေးရွာအုပ်စု(၄၃)စုအနက် အုပ်စု(၇)စုမှ တောင်သူ(၄၅၈)ဦး၏ လယ်ဧက(၃၇၈၇)ဧကအတွက် ချေးငွေကျပ်(၅၆၈၀.၅)သိန်းကို ‌ထုတ်ချေးပေးပြီးဖြစ်သည်။
ဝေါမြို့နယ်၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ ဆွေးနွေးပွဲကျင်းပ
Jun 25,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီ  ဆွေးနွေးပွဲကို စီမံအုပ်ချုပ်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရန် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး Mask Campaign ဆောင်ရွက်
Jun 25,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့များက ပြည်သူများအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်တာဆီးနိုင်ရန်အတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေး Mask campaign ကို ယနေ့နံနက် (၈)နာရီအချိန် က အမှတ် (၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း ကော့ကရိတ်မြို့မရဲစခန်းရှေ့ မီးပွိုင့်လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် မြို့နယ်အဆင့်အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 25,2021
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်တွင် မြို့နယ်အဆင့် အမျိုးသမီး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီ ကမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ပြည်နယ်အမျိုးသမီးကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 25,2021
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ပြည်နယ်လှုမှုဝန်ထမ်းဦးစီးဌာနရုံး၌ ပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ပြည်နယ်အမျိုးသမီးကော်မတီတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရေစကြိုမြို့နယ်တွင် Mask Campaign ပြုလုပ်
Jun 25,2021
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် မြို့နေပြည်သူများ ကိုဗစ် − ၁၉ ရောဂါကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ သွားလာနေထိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အသိပညာပေး Mask Campaign ကို ယနေ့နံနက် ၉ နာရီက ရေစကြိုမြို့၊ မြို့မစျေးကြီးအတွင်း၌ ပြုလုပ်သည်။
ညောင်လေးပင်မြို့၌  အိတ်ဖွင့်တင်ဒါပိုက်ချက်များ (တတိယ)အကြိမ် လေလံတင်ရောင်းချ
Jun 25,2021
စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု လုပ်ငန်း ရာသီနှစ်အတွက် အိတ်ဖွင့်တင်ဒါပိုက်ချက်များ (တတိယ)အကြိမ် လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ညောင်လေးပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။