ပျော်ဘွယ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ပျော်ဘွယ် ဇွန် ၂၅

၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များကို ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့်၊ လူစည်ကားသည့်နေရာ များတွင် ဖြန့်ဝေခဲ့ကြောင်းသိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါး ပြဿနာဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများအကြောင်း စသည့် ဆောင်ပုဒ်များ၊ ကာတွန်းများ စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)