ပုလော ဇွန် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။
၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်၊ ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်း အနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက ပညာသင်စရိတ် ထောက်ပံ့ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းသား/ သမီးများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးနှင့် မြို့နယ်မိသားစု စည်းကမ်းထိန်းသိမ်းရေးနှင့် တာဝန် ရှိသူတို့က ဝန်ထမ်းသားသမီးများဖြစ်သော တက္ကသိုလ်အဆင့် ၄ ဦး၊ အထက်တန်းအဆင့် ၃ ဦး၊ အလယ်တန်းဆင့် ၃ ဦး၊ မူလတန်းအဆင့် ၁၇ ဦး၊ စုစုပေါင်း ၂၇ ဦးအတွက် ငွေသား ၁၉၅၀၀၀ ကျပ်နှင့် ဗလာစာအုပ် ၁၄ ဒါဇင်ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးမော်