မောက်မယ်မြို့နယ်၌ ဘိန်းအစားထိုးဒေသကြက်မျိုးများ အခမဲ့ဖြန့်ဖြူး
Jun 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာခွင့်ပြုရန်ပုံငွေ ကျပ် (၇၅၀၀၀ဝိ/−) ဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိန်းအစားထိုး ကြက်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြရန် ရည်ရွယ်၍ ဒေသကြက်မျိုးများ အခမဲ့ဖြန့်ဖြူးပေးခြင်းကို ဟိုလွိုင်ကျေးရွာအုပ်စု နားလော့ကျေးရွာတွင် ယမန်နေ့နေ့လည် ၁ နာရီက သွားရောက်ပေးအပ်ခဲ့သည်။