ကော့ကရိတ် ဇွန် ၂၅
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့များက ပြည်သူများအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်တာဆီးနိုင်ရန်အတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေး Mask campaign ကို ယနေ့နံနက် (၈)နာရီအချိန် က အမှတ် (၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း ကော့ကရိတ်မြို့မရဲစခန်းရှေ့ မီးပွိုင့်လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဌေးဆွေနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲစု (၇၁)မှ ဒုတိယရဲမှူး အောင်ကိုဦးနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဖြိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဦးရဲရင့်နှင့် ဝန်ထမ်းများ၊ သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့တို့ပူးပေါင်း၍ အဆိုပါမီးပွိုင့်လမ်းဆုံ၌ သွားလာလျက် ရှိသည့် လမ်းသွားလမ်းလာ ပြည်သူများအား လူစည်ကားရာနေရာများ၌ သွားလာရာတွင် မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ကြရန်၊ ကိုဗစ် - ၁၉ ရောဂါ ကူးစက်နေသည့် ကာလအတွင်း မလိုအပ်ဘဲ အပြင်မထွက်ကြရန်၊ သတ်မှတ်ဦးရေထက် ပိုမိုစုဝေးခြင်းမပြုကြရန်၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်များနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ အပြင်သွားလာရာတွင် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိသည့်သူများအား Mask အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန် /ဆက်)