မြစ်ကြီးနား ဇွန် ၂၅
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ပြည်နယ်လှုမှုဝန်ထမ်းဦးစီးဌာနရုံး၌ ပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ပြည်နယ်အမျိုးသမီးကော်မတီတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ပြည်နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးမျိုးဆွေ၊ အတွင်းရေးမှူး ဦးသက်လှိုင်ထွန်းနှင့် ကော်မတီဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက် ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ပြည်နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဆင့်ဆင့်သည် မိမိတို့အား ပေးအပ်သော တာဝန်နှင့်လုပ်ငန်းစဉ်များ အောင်မြင်နိုင်ရန်အတွက် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ဌာနဆိုင်ရာအချင်းချင်းပြည်နယ်အတွင်းရှိ CSO၊ NGO အဖွဲ့ အချင်းချင်းချိတ်ဆက် ဆောင်ရွက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ပြည်နယ်အမျိုးသမီး ကော်မတီအတွင်းရေးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို (Power Point) ဖြင့် ရှင်းလင်း တင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ကော်မတီဝင်ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မေးခွန်း များမေးမြန်းခြင်းနှင့် အထွေထွေဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ပြည်နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌဦးမျိုးဆွေက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
ယော်ဆောင်(ပြန်/ဆက်)