ဝေါ ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီ ဆွေးနွေးပွဲကို စီမံအုပ်ချုပ်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမော်က အဖွင့်အမှာစကားပြောကြားပြီး ဝေါမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးကျော်ကျော်ဟန် က ဝေါမြို့နယ် အတွင်းရှိ ကလေးသူငယ်ဖြစ်ရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကလေးသူငယ် အခွင့်အရေးဆိုင်ရာကိစ္စများကို အတွင်းရေးမှူးက ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌက လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)