ရေစကြိုမြို့နယ်တွင် Mask Campaign ပြုလုပ်

ရေစကြို ဇွန် ၂၅

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် မြို့နေပြည်သူများ ကိုဗစ် − ၁၉ ရောဂါကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ သွားလာနေထိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အသိပညာပေး Mask Campaign ကို ယနေ့နံနက် ၉ နာရီက ရေစကြိုမြို့၊ မြို့မစျေးကြီးအတွင်း၌ ပြုလုပ်သည်။

ကိုဗစ် − ၁၉ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြည်သူလူထုအားလုံး Mask များ စနစ်တကျ တပ်ဆင်ရေး၊ စနစ်တကျ လက်ဆေးခြင်း၊ မိမိတို့ မိသားစုအပါအဝင် ပတ်ဝန်းကျင်ရှိ ပြည်သူများအား ရောဂါကူးစက်ခံရမှု မရှိစေရေးအတွက် အလေးထားလိုက်နာဆောင်ရွက်ပေးကြပါရန် မြို့နယ် ကိုဗစ် − ၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီက နှိုးဆော်ထားကးသည်။

အသိပညာပေး Mask Campaign ကို ရေစကြိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ၊ ဦးတင်စိုးဝင်းနှင့် ဝန်ထမ်းများက ပြည်သူများအား ပါးစပ်နှာခေါင်းစည်း Mask များကို စနစ်တကျ တပ်ဆင်စေရေး အသိပညာ‌ပေးခဲ့ပြီး အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

နော်နော် (ချင်းတွင်းသား)