​​ကျောက်တံတားမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး

​ကျောက်တံတား ဇွန် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ​​ကျောက်တံတားမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် ယမန်​​​နေ့ နံနက်ပိုင်းက မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းလမ်း​ထောင့်ရှိ ​ကြေးနန်းရုံးနှင့် စာတိုက်ကြီးသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ် လ.ဝ.ကမှူး ဦး​မောင်​​မောင်ငြိမ်း ခေါင်းဆောင်သောအဖွဲ့သည် ကြေးနန်းရုံးနှင့် စာတိုက်ကြီးမှ ဝန်ထမ်းမိသားစုများတွင်  နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအတွက်  နိုင်ငံသားစိစစ်ရေးကတ်ပြား များရရှိ​အောင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့​​ကြောင်း သိရသည်။

​ကျောက်တံတားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအ​နေဖြင့် ပန်းခင်းစီမံချက် အရ အပတ်စဉ် ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ မိမိမွေးဖွားရာဇာတိတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်​​ရေးကတ်ပြား မရှိသူများ၊ လက်ရှိ ဇာတိ ဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်း မရှိသူများနှင့် ရွှေပြောင်းနေသူများ အနေဖြင့် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သူ လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။