မီးခတ်ချောင်းသစ်တောဦးစီးဌာန ယာယီပျိုးဥယျာဉ်မှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး ပျိုးပင်များ ပျိုးထောင်၍ အခမဲ့ ဖြန့်ဝေ

လိပ်သို ဇွန် ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ မီးခတ်ချောင်း သစ်တောဦးစီးဌာန၊ ယာယီပျိုးဥယျာဉ် အနေဖြင့်  မိုးရာသီတွင် သစ်ပင်များစိုက်ပျိုးနိုင်ရန်အတွက်  ကျွန်း၊ မန်ဂျာရှားနှင့် မဟော်ဂနီ စသည့် ပျိုးပင်ပေါင်း (၂၀၀၀၀) ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။

မီးခတ်ချာင်း သစ်တောဦးစီးဌာန၊ ယာယီပျိုးဥယျာဉ်မှ ယခုနှစ်အတွင်း မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများအား မိုးရာသီကာလတွင် သစ်ပင်စိုက်ပျိုးနိုင်ရေးအတွက် ကျွန်း၊ မန်ဂျာရှား၊ မဟော်ဂနီ စသည့် ပျိုးပင်များကို ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်ကျေးရွာများကို ဖြန့်ဝေပေးနိုင်ရေး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အထောက်အကူပြုစေရေးအတွက် ပျိုးပင်များကို စိုက်ပျိုးပြုစု ပျိုးထောင်ထားရှိပြီး ၎င်းတို့နေအိမ်ခြံဝန်းနှင့် တောင်ယာများတွင် စိုက်ပျိုးကြရန်အတွက် လာရောက်ထုတ်ယူ လျက်ရှိကြောင်း၊ လိပ်သိုမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်နှင့် သစ်တောဦးစီးဌာနမှ တောအုပ် ဦးသိန်းထွန်းအောင်  တို့က ပျိုးပင်များအား ပြည်သူလူထုထံသို့ ဆက်လက်၍လည်း ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း မီးခတ်ချောင်း သစ်တောဦးစီးဌာန ယာယီပျိုးဥယျာဉ်မှ  တောအုပ် ဦးသိန်းထွန်းအောင် ထံမှ သိရသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)