မိုးနဲမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရေးအတွက် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိ

မိုးနဲ ဇွန် ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရေး အထောက် အကူပြုစေရန် နှစ်စဉ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများကို ထုတ်ချေးပေးလျက် ရှိရာ ၂၀၂၁ခုနှစ် ယခုနှစ်တွင်လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ခံ ဦးကြည်စိုးမှ ဦးစီး၍ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်၌ မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး (Oss)၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ချေးငွေများကိုနှစ်စဉ် ထုတ်ချေးပေးလျက်ရှိရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကျေး ရွာ/ရပ်ကွက် ၁၂ စုမှ မိုးသီးနှံများဖြစ်ကြသော စပါးတစ် ဧကလျှင် ကျပ် ၁သိန်းခွဲ၊ ပြောင်း တစ်ဧကလျှင် ကျပ်၁ သိန်းနှုန်းဖြင့် စပါးဧကပေါင်း ၂၀၇၈ ဧကနှင့် ပြောင်းဧက ပေါင်း ၄၃၀ ဧကတို့ကို ထုတ်ချေးသွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်တွင် ကျပ်သိန်းပေါင်း ၃၅၄၇သိန်း ထုတ် ချေးပေးခဲ့ပြီး ယခုနှစ်တွင်လည်း ဧကပေါင်း ၂၅၀၈ ဧကကို လျာထားရန်ပုံငွေ ကျပ်သိန်းပေါင်း ၃၅၄၇ သိန်းကို ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ယမန်နေ့တွင် ၆၆၈ ဧကကိုထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း၊ ကျပ်သိန်းပေါင်း ၁၀၀၂ သိန်းကို ရပ် ကွက် ၅စုမှ မိုးနဲဒေသခံ လူဦးရေပေါင်း ၁၀၈ဦး ချေးယူပြီးစီးခဲ့ပြီး ကျန်ရှိသည့် ရက်ကွက် /ကျေးရွာ ၇စုကို ဆက်လက် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ဇင်ကိုကို (မိုးနဲ)