နတ်မောက် ဇွန် ၂၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကန်ကြီးရပ်ကွက်တွင် မိသားစုတစ်နိုင်တစ်ပိုင် တိုင်းရင်း ဒေသ ကြက်မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိသည်။
“ကျွန်တော်တို့ကြက်ခြံမှာ တိုင်းရင်းဒေသကြက်အကောင်ရေ(၁၀၀)ခန့်ကို မျိုးကြက်အဖြစ် မွေးမြူ ထားပြီး ၊ ရရှိလာသည့် ကြက်ဥများကိုတော့ဥဖောက်စက်ထဲမှာ (၂၁)ရက်ခန့်ကြာထည့်ပြီး အကောင် ဖောက် ရပါတယ်။ကြက်ပေါက်လေးများကိုတော့ စက်ထဲကထွက်ထွက်ခြင်းမှာ ကာကွယ်ဆေး (၁)ကြိမ် တိုက်ပြီး မီးခန်းထဲမှာ(၂၁) ရက်ခန့်အပူပေးပြီး လည်လိမ်ကာကွယ်ဆေးတိုက် ပေးရပါ တယ်။ မီးလွတ်ကြက်တွေကိုတော့ တစ်ကောင်ကို (၁၈၀၀) ကျပ်ရောင်းချရပြီး (၃) လခန့် ကျွေးပြီးရင်တော့ အသားစားကြက်အဖြစ် တစ်ပိဿာကို (၈၀၀၀)ကျပ် ဝန်းကျင်ရောင်းချရပါတယ်။ ကြက်စာကတော့ ဆန်ကွဲ၊ ပြောင်းဖူးခွဲခြမ်းနှင့် ဖွဲနုများကိုရောစပ်ကာ တစ်နေ့(၃)ကြိမ်ကျွေးရ ပါတယ်။အစာစိမ်းအနေနဲ့ကတော့ ကန်စွန်းရွက်နှင့် နေဗီယာမြက်တို့ကို ကျွေးပါတယ်။
အခုလိုတိုင်းရင်းဒေသကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ခြင်းနဲ့ မိသားစုစီးပွားရေးကို အထောက် အကူဖြစ်စေပါတယ်” ဟု ကန်ကြီးရပ်ကွက်နေ တိုင်းရင်း ဒေသကြက်မွေးမြူရေးလုပ်ကိုင်သူ တစ်ဦး က ပြောကြားခဲ့သည်။
အဆိုပါကြက်ပေါက်များကို နတ်မောက်မြို့နယ်နှင့် ပျော်ဘွယ်မြို့နယ် တို့မှ လာရောက် ဝယ်ယူကြကြောင်း သိရသည်။
သင်းသင်းမြတ် (နတ်မောက်)