အလုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ဆောင်ရွက်

အလုံ ဇွန် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊  ရန်ကုန်အ​နောက်ပိုင်းခရိုင်၊  အလုံမြို့တွင်  ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက် နာရီ ၃၀ အချိန်က Mask Campaign ပြုလုပ်ဆောင်ရွက် ခဲ့ကြသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign ပြုလုပ်ဆောင်ရွက်ကြရာ တွင် အလုံမြို့နယ်၊အောက်ကြည့်မြင်တိုင်လမ်းနှင့် မင်းရဲ​ကျော်စွာလမ်း​ထောင့်ရှိ  အမှတ်()အ​ခြေခံပညာအထက်တန်း​ကျောင်း​ရှေ့တွင် ကျောင်းလာ​​သောကျောင်းသား၊​​ကျောင်းသူများ၊ ခရီးသွားပြည်သူများကို နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ အသိပညာပေး သတင်း စကားများ ပြောကြားပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထို့သို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign ဆောင်ရွက်ခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်ဇော်နိုင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟစိုးနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီ၊ ပညာရေးဌာန၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ပရဟိတအသင်းအဖွဲ့များက  ပူး​ပေါင်း​ဆောင်ရွက်ခဲ့ခြင်းဖြစ်​ကြောင်း သတင်းရရှိသည်။

ရွက်သစ်​ဝေ