မင်းလှမြို့အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ(၃၀၇)ဦးကို Swab နမူနာ ယူစစ်ဆေး

 

 

မင်းလှ ဇွန် ၂၉

 

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ  မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သည့် (၃၀၈)ဦးကို ဇွန်လ ၂၈ ရက်နေ့က သက်ဆိုင်ရာ Quarantine Center များ၌ Swab နမူနာ ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူနှင့် ထိစပ်သူများ၊ သံယလူနာများ (၉၈)ဦးကို RDT Test kit ဖြင့် စစ်ဆေးခဲ့ရာ(၄၈)ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့ပြီး ရောဂါပိုးမတွေ့ရှိသည့် သူများကို နေ့အိမ်တွင် Home Quarantine ထားရှိမည်ဖြစ်ရာ ဒုတိယအကြိမ် Swab ယူကာ ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကို ပထမအကြိမ် RDT Test kit ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိခဲ့သဖြင့် ထပ်မံ၍ သေချာမှုရှိစေရန် ဒုတိယအကြိမ် (၂၀၉)ဦးအား PCR ဖြင့် Swab နမူနာရယူကာ (NHL) ရန်ကုန်အမျိုးသား ဓာတ်ခွဲဌာနသို့ ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့် (၄၈)ဦးအား ပရဟိတအသင်းအဖွဲ့များက မြို့နယ်ပြည်သူ့ ဆေးရုံ၊ ပြည်တော်သာအိုးအိမ်ဝန်ထမ်းအိမ်ယာသစ်နှင့် စစ်ကွင်းတိုက်နယ်ဆေးရုံသို့ သယ်ယူပို့ ဆောင်ပေးခဲ့ပြီး ကျန်းမာရေးဦးစီးဌာနက စောင့်ကြည့်ကုသပေးလျက်ရှိသည်။

 

မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ  စုစုပေါင်း(၁၉၀) ဦးရှိပြီး၊‌‌ ဆေးရုံဆင်းခွင့် ရသူ(၂၅)ဦး‌ရှိကြောင်း၊ ကျန်ရှိ‌သော(၁၆၅) ဦးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိ‌ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

ပေါက်စ