ချောင်းဆုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ချောင်းဆုံ ဇွန် ၂၉

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါများကူးစက်ပျံ့ပွားမှုမဖြစ်စေရေး အတွက် ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များတက်ရောက် ကြသည်။

အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်က စားသောက်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ ဈေးရောင်းဈေးဝယ်သူများအနေနှင့် ကျန်မာရေးနှင့်  အားကစားဝန်ကြီးဌာနမှချမှတ်ထားသည့် စည်းကမ်းချက်နှင့်အညီ ရောင်းချရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ တွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်နှင့် အညီလိုက်နာဆောင်ရွက်နေထိုင်သွားရန်နှင့် ယခုကိုဗစ် ပိုးတွေ့ရှိ လူနာသည်ပြည်တွင်းကူးစက်မှုနှုန်းမြင့်မားမြန်ဆန်လာသဖြင့် ပြည်သူလူထုအား အသိပညာ ပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် ဆောင်ရွက်ရန်လိုကြောင်းဆွေးနွေးသည်။

ဆက်လက်၍ ကော်မတီအတွင်းရေးမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသူဇာဝင်းကမြို့နယ်ပြည်သူ့ဆေးရုံ နှင့် တိုက်နယ်ဆေးရုံတွင် ကိုဗစ် ပိုးတွေ့လူနာထားရှိရန် Isolation Ward ပြင်ဆင်ထားရှိမှုအခြေအနေ၊ ချောင်းဆုံ ဆေးရုံရှိ Isolation Ward၌ လူနာ(၁၆)ဦးထားရှိရန်ပြင်ဆင်ထားရှိကြောင်း၊ အရန်ဖြင့် မုရစ်ကလေးတိုက်နယ်ဆေးရုံ၊ ရွာလွတ်တိုက်နယ်ဆေးရုံ၊ ကညှော်တိုက်နယ်ဆေးရုံများတွင်လည်း Isolation Wardအဖြစ်် လူနာများထားရှိရန် ကြိုတင် ပြင်ဆင်ထားရှိကြောင်းနှင့် Isolation Wardတွင်ထားရှိမည့် ဝန်ထမ်းနှင့်လိုအပ်သည့် ဆေးဝါးကာကွယ်ရေး ပစ္စည်းများ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုအခြေအနေကို တင်ပြဆွေးနွေးသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်ကြသည့် ကော်မတီများမှ မိမိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းတွင် စနစ်တကျထိန်းမှ ဒီကပ်ရောဂါနှင့် ကူးစက်မှုကင်းဝေးစေရန် ရောဂါပျံ့ပွားကူးစက် မှုမဖြစ်ပေါ်စေရေးအတွက် စားသောက်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ သတ်မှတ်ထားသည့် စည်းကမ်း ဖောက်ဖျက်ပါက ထိရောက်စွာအရေးယူနိုင်ရေးကိစ္စများအသေးစိတ်ဆွေးနွေးခဲ့ကြောင်းနှင့် မြို့နယ်         အတွင်းရှိ စားသောက်ဆိုင်များအား ဇွန် ၂၉ ရက်နေ့မှ စတင်၍ ပါဆယ်စနစ်ဖြင့် သာရောင်းချခွင့်ပြုမည်ဖြစ် ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက် အရသိရှိရသည်။

ချောင်းဆုံ