ကြာအင်းဆိပ်ကြီးမြို့၌ ရော်ဘာပင်အိုခုတ် တောင်သူများအား ရော်ဘာပျိုးပင်ပေးအပ်ခြင်း အခမ်းအနား ကျင်းပ
Jun 28,2021
မြန်မာနိုင်ငံတစ်ဝန်းတွင် ရော်ဘာနှစ်ရှည်ပင်များ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ တိုင်းဒေသကြီး ပြည်နယ်များ၌ ကရင်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု တတိယအများဆုံး ပြည်နယ်ဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်သည် ကရင်ပြည်နယ်၌ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အများဆုံးမြို့နယ်ဖြစ်ပြီး စိုက်ဧကပေါင်း (တစ်သိန်းတစ်သောင်းကျော်) ဧက(၁၁၀၀၀၀)ကျော်ရှိပြီး ယခုနှစ်များတွင် မြို့နယ်အတွင်း၌ ရော်ဘာပင်အို ပင်ဟောင်းများအား ခုတ်လှဲမှုမှာ ဧက(၄၀၀)ကျော်ခန့်ရှိကြောင်း သိရသည်။