နေပြည်တော် ဇူလိုင် ၁
နေပြည်တော်ကောင်စီ ရင်းနှီးမြုပ်နှံမှုကော်မတီ၏(၂/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင် နှင့် ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဒေါ်ဆွေဆွေနိုင်၊ နေပြည်တော်ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြိုးပွင့်ဟန်၊ နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မိုးအောင်နှင့် နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဆွေတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံ မှုကော်မတီ၏ လုပ်ငန်းတာဝန်များ၊ လုပ်ထုံးလုပ်နည်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း များနှင့် စပ်လျဉ်း၍သိရှိနိုင်စေရန်နှင့် နေပြည်တော်အတွင်းဒေသနှင့်ကိုက်ညီသော စီးပွားရေးလုပ်ငန်း တွေကို ဦးစားပေးဖိတ်ခေါ်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ခွင့်ပြုနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များ လွယ်ကူချောမွေ့ရေးကို အလေးထား၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါရန် ပြောကြားသည်။
ထို့နောက် နေပြည်တော်ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြိုးပွင့်ဟန်က နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ လုပ်ငန်းတာဝန်များ၊ လုပ်ထုံး လုပ်နည်း ဆိုင်ရာကိစ္စရပ်များကို အသေးစိတ်ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)