အသက်မွေးဝမ်းကျောင်း တစ်လုံးထိုး ဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်

ကျောင်းကုန်း  ဇူလိုင်  ၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဏာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း တစ်လုံးထိုး ဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ကျေးလက်ရုံး၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ယခုအချိန်ဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး အလေးထားဆောင်ရွက်ပေးကြဖို့နဲ့ အသက်မွေးဝမ်းကျောင်း ပညာဖြစ်တဲ့အတွက် ကြိုးစားသင်ယူကြဖို့လိုကြောင်း ပြောကြားခဲ့ပြီး၊ ပုသိမ်ခရိုင်ကျေးလက်ဦးစီးမှူး ဦးကျော်ကျော်အောင် က ယခုဘဏ္ဏာရေးနှစ်တွင် ခရိုင်အတွင်း သင်တန်းပေါင်း(၈၀)ကျော် ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းရဲ့ထူးခြားချက်က မနှစ်ကဖွင့်လှစ်တဲ့ သင်တန်းသားတွေက ယခုသင်တန်း မှာ နည်းပြအဖြစ် ပြန်သင်ပြပေးတာဖြစ်လို့ ဝမ်းသာအားရ ကျေနပ်မိပါကြောင်း ပြောကြားခဲ့သည်။ အဆိုပါ သင်တန်းသို့ ကျေးလက်နေ ပြည်သူ(၂၀)ဦး တက်ရောက်ခဲ့ပြီး၊ သင်တန်းကာလမှာ(၂၀)ရက် ကြာမြင့်မည်ဖြစ်ကြောင်းနှင့် သင်တန်းကို နံနက်ပိုင်း(၁၀)ဦး၊ မွန်းလွဲပိုင်း(၁၀)ဦးစီ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ဖွင့်လှစ်သင်ကြားပေးသွားမည်ဟု မြို့နယ်ဦးစီးမှူး ဦးခင်ဇော် ကပြောသည်။

ဝင်းကြိုင်(ပြန်/ဆက်)