မိတ္ထီလာမြို့တွင် မြစ်သားမြို့မှပြန်ရောက်လာသူအမျိုးသားတစ်ဦး နေမကောင်းဖြစ်၍ စစ်ဆေးရာမှ ကိုဗစ်၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိ

မိတ္ထီလာ ဇူလိုင် ၁
မိတ္ထီလာမြို့တွင် မြစ်သားမြို့မှ ပြန်ရောက်လာသူ အမျိုးသားတစ်ဦး နေကောင်းမကောင်းဖြစ်၍ ယနေ့မွန်းလွဲ ၂ နာရီခန့်အချိန်က ကျန်းမာရေးဌာနသို့လာရောက်၍ ကိုဗစ်၁၉ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ရာ ၎င်းတွင် ကိုဗစ်၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့ပေါက်ချောင်းကွက်သစ်ရပ်မှာ နေထိုင်တဲ့အမျိုးသားတစ်ဦးနေမကောင်းဖြစ် တာကြောင့် ကျန်းမာရေးဌာနကို ဆေးစစ်ဆေးမှုလာရောက်ပြုလုပ်တဲ့အချိန်မှာ သူ့မှာ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူက ဒီနေ့မနက်ပိုင်းကမှ မြစ်သားမြို့က ပြန်လာတာပါ။ သူ့ရဲ့ ဇနီးဖြစ်သူကိုတော့ သူနဲ့ထိတွေ့သူအဖြစ် ဟိုတယ် Quaratine ထားရှိထားပါတယ်ဟု မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက် လျက်ရှိသော မျိုးဆက်သစ်မြတ်ပါရမီလူမှုကူညီရေအသင်းဥက္ကဋ္ဌ ကိုကျော်ကျော်ကို က ပြောသည်။
မိတ္ထီလာမြို့တွင်ဇွန်လ ၂၄ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၁ ရက်နေ့အထိကိုဗစ်-၁၉ရောဂါပိုးစစ်ဆေး တွေ့ရှိသူ အမျိုးသား ၂ ဦး ၊ အမျိုးသမီး ၃ ဦး နှင့် သံဃာတော် ၇ ပါး ရှိပြီး ၎င်းတို့အား မိတ္ထီလာဆေးရုံရှိ အထူး ရောဂါကုသဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်းသိရသည်။
ချမ်းသာ