ဇမ္ဗူသီရိ ဇူလိုင် ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ဈေး၌ မြို့နယ်အဆင့် ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက Mask Campaign ပြုလုပ်ခြင်းနှင့် ဈေးပတ်ဝန်းကျင်ရှိ ဈေးဆိုင်ခန်းများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များက ဈေးအတွင်းရှိ Mask တပ်ဆင်ထားခြင်းမရှိသော ဈေးရောင်း၊ ဈေးဝယ်လာပြည်သူများအား လက်သန့်ဆေးရည်များ ဖျန်းပေးရေး၊ Mask များ အခမဲ့ဖြန့်ဝေပေးရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဖြန့်ဝေထားသည့် ဗီနိုင်းပိုစတာများကို လူသွားလူလာများသည့် ဈေးဝင်ပေါက်နေရာများတွင် ကပ်ပေးရေးနှင့် ဈေးပတ်ဝန်းကျင်ရှိ ဈေးဆိုင်ခန်းများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ဆောင်ရွက်နိုင်ရေးတို့အား မှာကြားခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)